We found 0 results. View results
Your search results

Key Trends and Development in Thailand’s Real Estate Market

Posted by naychi on February 4, 2025
0

ထိုင်းအိမ်ခြံမြေဈေးကွက်ဟာ 2029 ခုနှစ်တွင် အမေရိကန်ဒေါ်လာ 71.70 Billion အထိရောက်ရှိမယ်လို့ခန့်မှန်းထားပြီး ခန့်မှန်းချက်ကာလ (2024-2029) အတွင်း CAGR (Annual Growth Rate) 5.41% ဖြင့် ကြီးထွားလာပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်မှုရှိလာပြီး 2021 ခုနှစ်မှစတင်၍ တရုတ်နှင့်ရုရှားဝယ်လက်များဟာ ကွန်ဒိုတိုက်ခန်းများကို ထိပ်တန်းနိုင်ငံခြားသားဝယ်ယူသူများအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

မကြာသေးမီနှစ်များအတွင်း သိသာထင်ရှားသောတိုးတက်မှုနှင့် အသွင်ကူးပြောင်းမှုကို ကြုံတွေ့ရပြီး ဘန်ကောက်၊ ချင်းမိုင်နှင့် ဖူးခက်တို့ကဲ့သို့ မြို့ကြီးများတွင် Condo, Commercial Building များ ဝယ်လိုအား ဆက်တိုက်တိုးလာခဲ့ပါတယ်။

တရုတ်နိုင်ငံသားများဟာ ထိုင်းနိုင်ငံရဲ့အိမ်ခြံမြေ စီမံကိန်း တော်တော်များများ ပိုင်ဆိုင်ကြပြီး၊ 2024 ခုနှစ်ရဲ့ပထမ 9 လအတွင်း ပိုင်ဆိုင်မှုတန်ဖိုးနှင့် ယူနစ်များရဲ့ 39% ကျော်ကို ရယူခဲ့ပါတယ်။ မြန်မာနိုင်ငံသားများက 9.5% ယူနစ် နဲ့ ပိုင်ဆိုင်မှုတန်ဖိုး 10.6%ဖြင့် ဒုတိယနေရာမှာဖြစ်ပြီး၊ ရုရှားနိုင်ငံသားများကတော့ 7.2% ယူနစ် နှင့် ပိုင်ဆိုင်မှုတန်ဖိုး 5.3%တို့ဖြင့် တတိယနေရာမှာ ရပ်တည်နေပါတယ်။

Bangkok နဲ့ Chonburi တို့ရဲ့ အိမ်ခြံမြေစျေးကွက်များတွင် နိုင်ငံခြားသား condominium ပိုင်ဆိုင်မှုမှာ ပိုမိုမြင့်တက်လာပါတယ်။ India နိုင်ငံသားမျာဟာ စျေးအကြီးဆုံးနှင့် ကျယ်ဝန်းသောယူနစ်များကို ဝယ်ယူကြပြီး၊ ပျမ်းမျှအားဖြင့် 6.3 Million Baht နဲ့ 76.5 Square meter အကျယ်များကို ဝယ်ယူကြပါတယ်။

နိုင်ငံခြားသား အိမ်ခြံမြေ ownership နှင့် investment အများဆုံး နေရာတွေကတော့ Phuket, Pattaya, Bangkok နဲ့ Koh Samui တို့ပဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက အိမ်ခြံမြေဌားရမ်းတဲ့ အခွင့်အလမ်းတွေကို မြင့်တက်စေတာကြောင့် အမြတ်အစွန်းရရှိနိုင်တဲ့အခွင့်အလမ်းတွေထဲကတစ်ခုပါပဲနော်။

Source: Global property guide, Thailand Business News

Leave a Reply

Your email address will not be published.

  • Advanced Search

  • Reset Password

Compare Listings