Key Reasons To Invest In Thailand’s Real State
ထိုင်းနိုင်ငံတွင် ဘာကြောင့်အိမ်ခြံမြေရင်းနှီးမြှပ်နှံသင့်လဲဆိုတဲ့ အကြောင်းအရင်းများစွာထဲက အဓိကကျတဲ့အချက်လေးတွေကို အောက်ပါအတိုင်း ဝေမျှပေးချင်ပါတယ်။
Tourism and Economic Growth
ထိုင်းနိုင်ငံဟာ စီးပွါးရေးနဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာတာကြောင့် ကမ္ဘာလှည့်ခရီးသည်လာရောက်လည်ပတ်မှုအများဆုံးနိုင်ငံများထဲက တစ်ခုအဖြစ်ရပ်တည်နေပါတယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်ပေါင်း ပျမ်းမျှ 30 Million လာရောက်ခဲ့ပြီး ယခု 2025 ခုနှစ်အတွင်းမှာ 40 Million ဝန်းကျင် လာရောက်လည်ပတ်နိုင်ဖို့ ရည်ရွယ်ပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိပါတယ်။
Digital Transformation
ထိုင်းနိုင်ငံရဲ့ နည်းပညာကဏ္ဍဟာ အရှေ့တောင်အာရှမှာ Technology Hub အဖြစ် ဥိးဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အစိုးရနှင့် ပြည်တွင်း စီးပွါးရေးလုပ်ငန်းရှင်များရဲ့ ထောက်ပံ့မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တို့ကြောင့် Data Centers၊ Microchip Manufacturing၊ AI (Artificial Intelligence) ကဏ္ဍများ တွင် ထိုင်းသည် နည်းပညာဗဟိုတစ်ခုဖြစ်လာနိုင်ပါတယ်။ နည်းပညာတိုးတက်လာမှု နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ များပြားလာတာကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာပြီး နိုင်ငံရပ်ခြားကနေ ပြောင်းရွှေ့လုပ်ကိုင်မယ့် Expats နဲ့ Digital Nomads တွေများပြားလာမှာဖြစ်လို့ အိမ်ခြံမြေစျေးကွက်ဟာလဲ ဆက်လက်ကြီးထွားလာမှာပါပဲ။
Affordable Prices Compared to other Countries
ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေစျေးကွက်ဟာ တစ်ခြားသောအာရှ နိုင်ငံတွေထက် စျေးသက်သာပြီး အရည်အသွေးကောင်းမွန်တဲ့ facilities မျိုးစုံကိုရနိုင်တဲ့အတွက် နိုင်ငံခြားသားရင်းနှီးမြှပ်နှံမှုတွေများပြားလာတာဖြစ်ပါတယ်။
High Rental Yield
Bangkok, Phuket နှင့် Pattaya လိုမြို့ကြီးများဟာ အာရှ မှာ အခန်းဌားရမ်းခ အမြတ်နှုန်း အမြင့်ဆုံးနေရာတွေထဲမှာပါဝင်နေပါတယ်။ နိုင်ငံခြားသားခရီးသွားများပြားလာခြင်း နဲ့ Digital nomads များရဲ့ Short-term/ Long-term အခန်းလိုအပ်ချက်များပြားလာမှုကြောင့် အိမ်ခြံမြေစျေးကွက်ကတော့ဆက်လက်မြင့်တက်လျှက်ရှိပါတယ်။
Foreign Ownership
ရင်းနှီးမြှပ်နှံလိုသူများ အနေနဲ့ လက်ငင်းဝယ်ယူခြင်း ဒါမှမဟုတ် အရစ်ကျဝယ်ယူခြင်း ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ကွန်ဒိုအခန်းတွေကိုလဲ သားစဉ်မြေးဆက်အမည်ပေါက်ပိုင်ဆိုင်ခွင့်ရှိပါတယ်။
Lifestyle & Retirement Benefits
ထိုင်းနိုင်ငံရဲ့ ပထဝီအနေအထားအရ လည်ပတ်စရာ နေရာစုံလင်လှပါတယ်။ ကမ်းခြေ၊ National parks၊ တောင်ပေါ်ဒေသ စသဖြင့် Retirement plan အတွက်ပဲဖြစ်ဖြစ် လည်ပတ်ဖို့ပဲဖြစ်ဖြစ် ကိုယ်နှစ်သက်ရာရွေးချယ် နေထိုင် လည်ပတ်နိုင်ပါတယ်။ ကောင်းမွန်တဲ့ အဆင့်မြင့် ကျန်းမာရေးဝန်ဆောင်မှုများလဲရှိတာကြောင့် ဒါဟာလဲ ရင်းနှီးမြှပ်နှံဖို့ ထည့်စဉ်းစားရမယ့် အရေးကြီးအချက်လဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ရေရှည်၊ ရေတို နေထိုင်ဖို့ပဲဖြစ်ဖြစ် ရင်းနှီးမြှပ်နှံဖို့ပဲဖြစ်ဖြစ် အိမ်ခြံမြေနဲ့ပက်သက်လာရင် Naysayar မှာလာရောက် ဆွေးနွေးတိုင်ပင်လို့ရပါတယ်နော်။