Top Things To Consider When Buying A Condo in Thailand
ထိုင်းနိုင်ငံမှာ Condo ဝယ်ယူတော့မယ်ဆိုရင် သိထားရမယ့် အရေးကြီးတဲ့အချက်တွေကို မျှဝေပေးချင်ပါတယ်။
ထိုင်းမှာ နိုင်ငံခြားသားများဟာ Condo ကို အမည်ပေါက်ပိုင်ဆိုင်နိုင်ကြပါတယ်။ သို့သော် Foreign Quota ကန့်သတ်ချက်များနဲ့ တစ်ခြားထည့်သွင်းစဉ်းစားရမယ့် Condo ဝယ်ယူမှုအပေါ်ချမှတ်ထားတဲ့ Law တွေ Policy တွေကိုလဲ သိထားသင့်ပါတယ်။
Freehold vs. Leasehold – ဘယ်ဟာ သင့်တော်မလဲ?
Freehold က ကိုယ့်နာမည်ပေါက်နဲ့ ပိုင်ဆိုင်နိုင်ပြီး သားစဉ်မြေးဆက်လွှဲပြောင်းခွင့်ရှိတဲ့ ခိုင်မာတဲ့ ပိုင်ဆိုင်မှုဖြစ်ပါတယ်။Lease hold ကတော့ နှစ်ကာလ အတိုင်းအတာတစ်ခုအထိ ဌားရမ်းပိုင်ဆိုင်မှုမျိုးဖြစ်ပြီး အများအားဖြင့် နှစ်၃၀ သက်တမ်းရှိပါတယ်။ နိုင်ငံခြားသားဝယ်ယူခွင့်(Foreign Quota)ရှိတဲ့ Condominium တစ်လုံးမှာ 49% Freehold အဖြစ်ဝယ်ယူနိုင်ပြီး၊ ကျန်ရှိတဲ့ 51% Lease hold ကိုလဲ နိုင်ငံခြားသားအနေနဲ့ ဝယ်ယူခွင့်ရှိပါတယ်။
ခိုင်မာတဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့ Freehold (Foreign Quota) အနေနဲ့ ရွေးချယ်ဝယ်ယူဖို့ပဲ အကြံပေးချင်ပါတယ်။ ဝယ်ယူခြင်းမပြုခင် ကိုယ်ဝယ်ယူမယ့် ကွန်ဒိုမှာ Foreign Quota ရှိမရှိ သေချာမေးမြန်းစုံစမ်းသင့်ပါတယ်။
Developer’s Reputation and Condo Quality
Developer (ကွန်ဒိုတည်ဆောက်သူ)ရဲ့ နာမည် ဂုဏ်သတင်း နဲ့ Condo ရဲ့ Quality ကိုလဲထည့်သွင်းစဉ်းစားသင့်ပါတယ်။အဆောက်အဦး မပြီးသေးသော (Off-plan) တိုက်ခန်းများ ဝယ်မယ်ဆိုပါက ပြီးစီးမယ့်ခုနှစ်နဲ့ တစ်ခြားသိထားသင့်တဲ့ အချက်အလက်တွေကိုသေချာစစ်ဆေးသင့်ပါတယ်။
EIA (Environmental Impact Assessment) ကိုလဲသိထားသင့်ပါတယ်။ ယနေ့ခေတ် ထိုင်းနိုင်ငံရဲ့Condo project တွေမှာ EIA ကို Eco-friendly development အတွက်သေချာထည့်သွင်းလာတာတွေ့ရပါတယ်။ ကိုယ်ဝယ်လိုက်တဲ့ Condo ရဲ့ EIA ပေါ်မူတည်ပြီး Resales Value, Quality of Life, Long term Sustainability စတဲ့ value တွေကိုသိရှိနိုင်မှာဖြစ်ပါတယ်။
Foreign Exchange Transaction
နိုင်ငံခြားသားများအနေနဲ့ ထိုင်းတွင် Condo ဝယ်ယူတော့မယ်ဆိုရင် နိုင်ငံခြားငွေကြေးဖြင့်သာ (USD, EUR, SGD, etc) ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးရပါမယ်။ Condo ရဲ့ကျသင့်တဲ့ငွေပမာဏအပြင် Bank service fee ကိုပါပေးဆောင်ရမှာဖြစ်လို့ ပေးချေရမယ့်ငွေပမာဏကို သေချာစီစစ်ပြီးမှ လွှဲသင့်ပါတယ်။ ငွေလွှဲခြင်း ပြုလုပ်ပြီးနောက် ထိုင်းဘဏ်မှ Foreign Exchange Transaction Certificate (FET Form) ထုတ်ပေးမှာဖြစ်ပါတယ်။ FET Form ဟာ အမည်ပေါက်ပိုင်ဆိုင်မှုမှတ်ပုံတင်ရာတွင် မဖြစ်မနေ လိုအပ်သော စာရွက်စာတမ်း ဖြစ်ပါတယ်။
Location Matters
ထိုင်းရဲ့ မြို့ကြီးများနဲ့ Tourism ထွန်းကားတဲ့မြို့များမှာ မတူညီတဲ့ အကျိုးကျေးဇူးများ ရှိပါတယ်။ ကိုယ်ဝယ်ယူချင်တဲ့ ရည်ရွယ်ချက်အပေါ် မူတည်ပြီး တည်နေရာ ရွေးချယ်သင့်ပါတယ်။ ဝယ်ယူနှုန်းမြင့်မားတဲ့နေရာတွေကတော့ Bangkok, Chiang Mai, Phuket, Pattaya, Koh Samui နဲ့ Hua Hin တို့ပဲဖြစ်ပါတယ်။
Other Cost
ကွန်ဒိုရဲ့တန်ဖိုးအပြင် တစ်ခြားသော ကုန်ကျစားရိတ်များလဲရှိပါသေးတယ်။ Transfer Fee, Stamp Duty, Withholding Tax, Common Area Fees, Sinking Funds စတဲ့ အခွန်အခတွေလဲရှိသေးတာဖြစ်လို့ ကိုယ်နဲ့ချိတ်ဆက်ထားတဲ့ Agency ကို သေချာမေးမြန်စုံစမ်းဖို့လိုအပ်ပါတယ်။
Condo ဝယ်ယူခြင်း Processတွေ နဲ့ပက်သက်တဲ့အသေးစိတ်အချက်အလက်တွေကို မေးမြန်စုံစမ်းနိုင်ပါတယ်။ စိတ်ချမ်းသာပြီး အဆင်ပြေချောမွေ့တဲ့ဝယ်ယူမှုလေးဖြစ်အောင် ဆွေးနွေးတိုင်ပင်ပေးနိုင်တဲ့ Naysayar လေးရှိနေပါတယ်။
Naysayar, Your Trusted Partner!